Chris Bryant ရဲ့ CCNA Study Guide ( Book Review )

CCNA ကို လေ့လာကြတော့ စာအုပ်တွေကလည်း အများကြီးပါ...Wendell Odam ရဲ့ Cisco Press CCNA , Todd Lammle ရဲ့ CCNA (Sybex Press), Richard Deal ရဲ့ CCNA...ကျွန်တော့တုန်းကတော့ Wendell Odam ရဲ့ စာအုပ်ကို အရင်စဖတ်တဲ့ အခါမှာ သိပ်အဆင်မပြေဘူး...ဒါနဲ့ Todd Lammle ရဲ့ စာအုပ်က အရမ်းကို ရှင်းလင်းလွယ်ကူစွာ ရေးထားတော့ ဖတ်ရတာ တော်တော်အဆင်ပြေပြီး နားလည်လွယ်တယ်...ဘယ်သူရေးတာပဲဖြစ်ဖြစ် အကြောင်းအရာ တစ်ခုကို နားလည်ဖို့က အရေးကြီးတာပဲလေ...ခုလည်း ဟိုရှာဒီရှာရင်းနဲ့ Chris Bryant ရဲ့ CCNA စာအုပ်ကို တွေ့သွားတယ်...သူ့ရဲ့ CCNA နဲ့ ပက်သက်တဲ့ Articles လေးတွေလည်း ဖတ်ဖူးပါတယ်...နားလည်ရလွယ်တယ်...ရှင်းလင်းတယ်...သူ့စာအုပ်ကို ခုပြန်ဖတ်နေပါတယ်...ကျွန်တော်တော့ တော်တော်ကြိုက်ပါတယ်...လိုချင်ရင် comments မှာ အီးမေးလ်လိပ်စာချန်ထားခဲ့ပါ...ဒေါင်းလုပ်လုပ်ဖို့ လင့်ခ် ပို့ပေးပါ့မယ်...Chris ရဲ့ Site ကတော့ http://www.thebryantadvantage.com/...သူ့ရဲ့ CCNA Security စာအုပ်လေးလည်း လိုချင်ပါတယ်...ခုထိတော့ ရှာမတွေ့သေးပါဘူး...၀ယ်မယ်ဆိုရင်တော့ USD 47 ဒေါ်လာပါ...
ရှိကြတယ်ဆိုရင်လည်း share ပေးကြဦး...နောက်ဆုံးမရတော့ဘူးဆိုရင်တော့ Group Share Buy လုပ်ကြည့်ပါဦးမယ်...နောက်ဆုံးသည်းမခံနိုင်တော့ဘူးဆိုရင်တော့ တစ်ယောက်တည်းပဲ ၀ယ်လိုက်ပါတော့မယ်...USD 47 ဒေါ်လာဆိုပေမဲ့ ပြန်ရမဲ့ knowledge က 47 ဒေါ်လာ မကပါဘူး...
http://www.thebryantadvantage.com/CCNASecurityExamStudyPackage640553IINS.htm
Chris ရဲ့ Tutorials လေးတွေကိုဖတ်ကြည့်ချင်တယ်ဆိုရင် သူ့Blog က http://thebryantadvantage.blogspot.com/ ပါ... ကျေးဇူးတင်ပါတယ်...

0 Comments: