လူတစ်မျိုးရှိသည်

သူငယ်ချင်းက လူတစ်မျိုးဆိုတဲ့ article လေးတစ်ခုကို email ကနေ ပို့ပေးတော့ ဖတ်ကြည့်ရာကနေ သဘောကျလို့ ထပ်ကူးရေးပြီး တင်လိုက်ပါတယ်...အဲဒီထဲမှာတော့ မိဘ, ဆရာ , မောင်နှမ, ချစ်သူ, သူငယ်ချင်း စသည်တွေကို ဖွင့်ဆိုရေးပြထားပါတယ်... အဲဒီထဲမှာမှ ကိုယ့်ကိုကိုယ် ဆိုတဲ့ စာပိုဒ်လေးကို အကြိုက်ဆုံးဖြစ်တာကြောင့်....

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏
သွန်သင်ဆုံးမမှု အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာယုယမှု အောက်တွင်
အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘ၀၏ တက်လမ်းကို
ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တယောက်လို ၀င်လာကြသည်။
အချိန်တန်လျှင် ထွက်သွားကြသည်။ သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင်
ကူညီပေးကြသည်။ ဘ၀ကို ပျော်ရွှင်မူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း
လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။ ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင်
ပင်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည် ခင်ဗျာ...

GREAT WORDS

I will not say I failed 1000 times, I will say that I discovered there are 1000 ways that can cause failure.

Thomas Edison

Everyone thinks of changing the world, but no one thinks of changing himself.
Leo Tolstoy

In a day when you don't come across any problems - you can be sure that you are travelling in a wrong path.
Swami Vivekananda

ကြိုက်နှစ်သက်လို့ Copy and Paste မလုပ်ဘဲ သေချာလေးရိုက်ပြီးမှ တင်လိုက်ပါတယ်...ကျွန်တော်လည်း မှတ်မိသွားတာပေါ့..ဒီ Great Words တွေကို email ကနေ ပို့ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်...
နေ့စဉ်နဲ့အမျှ အဆင်မပြေမှုတွေ ကြုံတွေ့နေရသော်လည်းပဲ အဲဒီအဆင်မပြေမှုများကို ကြိုးစားဖြေရှင်းနိုင်ရန် အလို့ငှာ ဒီ Great Words လေးတွေသည် ကျွန်တော့ကို အားဆေးတခွက် ဖြစ်စေပါသည်...ကျေးဇူးတင်ပါသည် ခင်ဗျာ...

Blackball

နာမ်ပုဒ် - ဆန့်ကျင်ကန့်ကွက်မဲ
ကြိယာပုဒ် - ဆန့်ကျင်ကန့်ကွက်သည်

black ball
–verb (used with object)

1.to vote against (a candidate, applicant, etc.).
2.to exclude socially; ostracize: The whole town blackballed them.
3.to reject (a candidate) by placing a blackball in the ballot box.
–noun
4.a negative vote, esp. in deciding on an applicant or candidate.
5.a black ball placed in a ballot box signifying a negative vote.

Distance Vector vs. Link State Routing

ဒီ Tutorial လေးက Distance Vector နဲ့ Link State Routing လေးကို ရှင်းပြထားတာ တော်တော်လေး ကောင်းပါတယ်... မှတ်မိအောင်ကို ရှင်းပြထားတာပါ...

Read Here

နေရာတစ်ခု...

ကျွန်တော် ကွန်ပျူတာကို စတင်လေ့လာတာ ၁၀တန်းပြီးခါစ ဆိုပါစို့... State ကျောင်းသားဘ၀တုန်းက ဟိုနှိပ်ဒီနှိပ်က ထားပါတော့...၁၆ နှစ်အရွယ်...၁၇ လောက်ပေါ့...ခုဆို ၂၃ နှစ်ပြည့်ခါစ...၆ နှစ် နဲ့ ၇ နှစ် သက်တမ်းရှိခဲ့ပြီပေါ့...ခု ဘယ်နေရာကို ရောက်နေပြီလဲ ဆိုတာကို ပြန်လည်စဉ်းစားကြည့်တယ်...ခုမှ ကိုယ်သွားချင်တဲ့ လမ်းကြောင်းလေးကို မြင်နေရပြီ ဆိုပါတော့...ကွန်ပျူတာကို စတင်လေ့လာချိန်ကတော့ ဘာတွေမှန်းကိုမသိရှုပ်ရှက်ခက်နေတဲ့ သင်တန်းတွေ..စာမေးပွဲတွေ..ကို စုံလို့...လေ့လာရင်း လေ့လာရင်း လမ်းပျောက်တာလဲ ခဏခဏပါပဲ...ဒါတောင် ဒီ ကွန်ပျူတာနယ်ပယ်တခုထဲမှာပဲနော်..တခြား Management, Business, Accounting တို့ထဲကို စိတ်မ၀င်စားမိလို့...ကျွန်တော် ခုရောက်နေတဲ့ နေရာကို ရောက်ဖို့အတွက် လမ်းကြောင်းကိုသာ သိခဲ့မယ်ဆိုရင် ၂ နှစ် ၃ နှစ်လောက်ပဲ ကြာလိမ့်မယ်လို့ ခံစားရတယ်...ဒီတော့ ကျန်တဲ့ ၄ နှစ်လောက်က အချိန်ဖြုန်းတာများလား...အဲဒီလို စဉ်းစားမိတိုင်း ကိုယ့်ကိုကိုယ် သိပ်ဘ၀င်မကျဘူး...ဒီထက်ပြောရင် သိပ်မကျေနပ်ဘူးပေါ့...ပြန်စဉ်းစားကြည့်ပြန်တော့လည်း အဲဒီ လေးနှစ်အတွင်း ကျွန်တော် အချိန်မဖြုန်းပါဘူး...လေ့လာဆည်းပူးနေတာပါပဲ...ကွန်ပျူတာနယ်ပယ်ထဲမှာပဲ လမ်းများနေတယ်လို့ပဲ ပြောရမှာပဲ...လမ်းများလို့ ဖမ်းစားခံလိုက်ရတဲ့ ကျွန်တော့အချိန်တွေအတွက်တော့ နှမြောမိတာပေါ့...ဒါပေမဲ့ ကျွန်တော် အချိန်မဖြုန်းဘဲ တခုခုကိုတော့ လေ့လာနေတယ်...ဒါပေမဲ့ ကျွန်တော်လေ့လာခဲ့တာတွေဟာ ခုကျွန်တော်အသုံးချနေတာတွေနဲ့ သိပ်မဆိုင်သလိုပဲ...၉၀ရာခိုင်နှုန်းလောက်မဆိုင်ဘူး...ဒီတော့ ကျွန်တော်စဉ်းစားမိတာက..ကျွန်တော်ခု အသုံးချနေတာတွေကို ကျွန်တော်လေ့လာနေတာ ၂ နှစ် ၃ နှစ် အချိန်ပေးခဲ့ရတယ်...နောက် ကျွန်တော် ထပ်သွားမယ့် နေရာတစ်ခုကိုရောက်ဖို့ ကျွန်တော် ဘယ်လောက်အချိန်ပေးရမလဲ...၃ နှစ်ဆို ၃ နှစ်ပဲ ပေးချင်တယ်..၆ နှစ်လောက်ပေးပြီးတော့မှ အော် ဒါကို ငါလုပ်ရင် ၃ နှစ်လောက်နဲ့ ရနိုင်ပါလားလို့ ပြန်ပြီး ကြေကွဲမနေချင်တော့ဘူး....အရေးကြီးတာက ဘယ်လိုသွားမလဲဆိုတဲ့ လမ်းကြောင်း...အဲဒါသိရင် ဘယ်လိုပဲဖြစ်ဖြစ် သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်...အဲဒါတွေ ကျွန်တော်လိုနေပြီ...ကျွန်တော်ခုနေရာကိုရောက်ဖို့ အဲဒါတွေ ရှိခဲ့ပါတယ်...ဒါပေမဲ့ ကျွန်တော် ဘာလို့ ၃ နှစ် ပေးရမဲ့ အချိန်ကို ၇ နှစ်ပေးခဲ့ရလဲ...ကျွန်တော့ Planning က သေချာသလိုလိုနဲ့ မသေချာခဲ့လို့ပဲလို့ ခံစားရတယ်...အဲဒီလို ဖြစ်ခဲ့တာဟာလည်း ကျွန်တော့၇ဲ့ ညံ့ဖျင်းမှုတွေလည်းပါမယ်...အခြေအနေတွေ အချိန်အခါတွေ အကြောင်းအများကြီးပေါ့...ထားပါတော့လေ...
ခု ကျွန်တော် နောက်ထပ်ဆက်လျှောက်မယ်...အဲဒီအခါ ကျရင်တော့ ပေးရမဲ့ အချိန်ထက် ၁ နှစ်လောက် ပိုပေးရတာလောက်ကိုပဲ ဖြစ်သင့်တယ်လို့ ယူဆမိတယ်...ကဲရေးနေရင်းနဲ့ အလုပ်ကပေါ်လာပြီ...အလုပ်လုပ်လိုက်ဦးမယ်..

အင်္ဂလိပ်စာ

သတိထားမိသည်က ကျွန်တော့် အင်္ဂလိပ်စာ အရင်ကထက် ပိုဆိုးသွားခြင်းဖြစ်သည်...
သေချာစဉ်းစားကြည့်သေးသည်...ဟုတ်ပါသည်...
အင်္ဂလိပ်စာ ကို ပြန်လည် လေ့လာမည်...
တချို့ အသုံးအနှုန်းများဆိုလျှင် သိသလိုလို မသိသလိုလို ( အရင်က သေချာသိသည် )...ဒါပေမဲ့လည်း ရောကြိတ်ဖောနှိပ်လိုက်သည်...တဖက်ကလည်း ကိုယ်ဘာပြောချင်လည်း နားလည်သည် ဆိုတော့ကာ အေးဆေး...
ဒီလိုလုပ်နေလို့ မဖြစ်...Level up မဖြစ်ရင်နေ Level ကျ မသွားဖို့ရာ အရေးကြီးသည်...
ခု Level တွေ ကျနေသည်...ဟိုအရင်နှင့် ခု ဘာကွာနေသနည်း...ကိုယ့်ကိုကိုယ်စဉ်းစားကြည့်သည်...
ပြေးခဲ့လို့ မောပြီး နားနေသည်လား... အနားလွန်ပြီး ပျင်းနေသည်လား...
ဝန်ခံရလျှင် ပျင်းနေသည်... အဲဒါမကောင်းမှန်းသိသည်...

One Day at Cisco

လမ်းပျောက်နေပြီလား...

ခု တလော အလုပ်ကလည်း တအားကို များတော့...ဘာလုပ်ချင်တယ်ဆိုတာကို မစဉ်းစားဖြစ်ဘူး...
လူက အလုပ်ကို နိုင်နေတဲ့ အချိန်ဆိုရင် ကိုယ်ဖြစ်ချင်တာလေးကို စိတ်ကူးယဉ်ပြီး လုပ်နေရတာ တော်တော်စိတ်ချမ်းသာတယ်...
အလုပ်က လူကို နိုင်တဲ့ အခါတော့ အလုပ်ပြီးပေမဲ့ ကိုယ့်စိတ်ထဲမှာ နောင်ဖြစ်ချင်တာလေးတွေက ဘာတွေဆိုတာကို စဉ်းစားဖို့ အချိန်မရတော့....
ခု စဉ်းစားမိတယ်... နောက် အမြဲအဲလိုတွေ အလုပ် က လူကိုနိုင်နေရင် ဘယ်လိုလုပ်ရပါ့....
ခု လမ်းပျောက်နေသလို ခံစားမိတယ်...ငါ ဘာလုပ်ရမလဲ...ငါ ဘာဖြစ်ချင်လဲ...
သိတယ်ထားဦး..ဘယ်ကစလုပ်ရမလဲ...ဒီလိုလေးပဲ သွားနေလို့လဲ မဖြစ်ဘူးဆိုလားဆိုတော့လည်း ဖြစ်တာပဲ...
အဆင်ပြေနေတာပဲ...
ဒါပေမဲ့ အဲလိုမဖြစ်ချင်ဘူး...ဒီတော့ လမ်းပျောက်နေပြီလို့ ခံစားရတယ်...ငါ လမ်းပျောက်နေပြီလား...

ဝမ်းနည်းကြေကွဲခြင်း

ကျွန်တော် နှစ်သက်သော အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန်ခြင်း အတွက် အလွန်ဝမ်းနည်းမိပါတယ်...
ကျွန်တော်ဟာ စိုင်းထီးဆိုင် နဲ့ ခင်မောင်တိုး သီချင်းများကို အလွန်ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်...

Best Regards,
Sai Linn Thu

X P S M1330



ဆွဲလိုက်ပြီ သဘောကျလို့...
Processor : Intel(R) Core(TM)2 Duo CPU T5550 @ 1.83GHz (2CPUs), ~1.8GHz
Memory : 4 GB
HDD : 160 GB
အလုပ်ဖြစ်သွားပြီ...လုပ်ချင်တာလေးလုပ်လို့ အဆင်ပြေသွားပြီ...
သိုင်းကျူး တီတီအန်အိုင်...