ကျွန်တော် မငိုပါဘူး...ဒါပေမဲ့

ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ....အမှတ်တမဲ့ပါပဲ... တိုပါးယိုး ဘုန်းကြီးကျောင်းကို သွားတယ်...ပြီးတော့ ဟိုဟိုဒီဒီနဲ့ လျှောက်သွားရင်း နဲ့ သူငယ်ချင်းတွေနဲ့ စီးတီးဟော မှာပဲ လမ်းခွဲကြတယ်...အိမ်ပြန်ရောက်တော့ မြန်မာကို ဖုန်းခေါ်တော့ အဖေက ပြောတယ်...အမေ က သားကြီးကို လွမ်းလိုက်တာတဲ့.... ပြီးခဲ့တဲ့ နှစ် ဒီနေ့ က ကျွန်တော့ ဘ၀ရဲ့ အမှတ်တရနေ့လေးဆိုပါတော့... ရင်ထဲမှာ ဆို့တက်လာတယ်...
ကျွန်တော့ မျက်ရည်တွေကျလာတယ်...ပူလိုက်တာဗျာ မျက်ရည်တွေက ... ကျွန်တော် မငိုပါဘူး...
ရေးချင်တာတော့ အများကြီးပါပဲ...