ကျွန်တော့ရဲ့ ပေါက္ခရ၀ဿမိုး (သို့မဟုတ်) မိုးတွေရွာရင်

ဒါလေးကို မဖတ်ခင် အောက်မှာတင်ထားတဲ့ Kiss The Rain ဆိုတဲ့ Piano Song လေးကိုဖွင့်ရင်းနဲ့ ဖတ်စေချင်တယ်…ကျွန်တော်ဒါကိုရေးတော့ အဲသီချင်းလေးကိုနားထောင်ရင်းရေးတယ်လေ…ကျွန်တော်က Piano songs တွေကို အရမ်းနှစ်သက်တယ်…

“မိုးတွေရွာရင်” ဆိုတဲ့ ခေါင်းစဉ်လေးကိုရေးဖို့ ဖိုးချမ်းပြောတဲ့ ညကတော့ သာမန်ပဲ ခေါင်းညိတ်လိုက်တယ်…ဒီနေ့ မနက် ရထားပေါ်က ဆင်းပြီး လမ်းပေါ်ကို ရောက်တော့ မိုးတွေ အရမ်းရွာနေတယ်…ထီးက မပါလာဘူး…ဘူတာကနေပြေးရင် Customer site ကို ရောက်ဖို့ သုံးမိနစ်လောက်ပဲကြာတယ်…အစတော့ မိုးတိတ်နိုးနိုးနဲ့ စောင့်နေပါသေးတယ်…9:15 လောက်ထိ မိုးကမတိတ်ဘူး…သဲနေတုန်းပဲ…မစောင့်နိုင်တော့တာနဲ့ ပြေးခဲ့တယ်….တကိုယ်လုံးရွှဲနစ်သွားရောပေါ့…Server Room က အရမ်းအေးတော့ ကျွန်တော်က server room ထဲမှာ ဆွယ်တာလေးတစ်ထည် အမြဲထားထားတယ်…ရောက်ရောက်ချင်းပဲ ဆွယ်တာကို လဲလိုက်တယ်…ဘောင်းဘီကတော့ မတတ်နိုင်ဘူးလေ…ဒီလိုနဲ့ပဲ ကျွန်တော်နေ့လည် သုံးနာရီလောက်မှာ မျက်လုံးတွေနီပြီး တကိုယ်လုံး ကိုက်ခဲလာတော့တယ်…ခုဒါကို ရေးနေတဲ့ အချိန်မှာ ကျွန်တော်ဖျားနေပါပြီ….ကျွန်တော့ ရင်ထဲမှာလည်း ခုမိုးတွေရွာနေတယ်…အဲဒီ မိုးကတော့ “ပေါက္ခရ၀ဿမိုး”…ဆရာမကြီး ဒေါ်ခင်နှင်းယုက “စွတ်စိုစေလိုသောသူကိုသာ စွတ်စိုစေသောမိုး” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်…

ကျွန်တော် မလွမ်းတတ်…ကျွန်တော် အရာရာကို မေ့မေ့ပျောက်ပျောက်နေတတ်သည်…ကျွန်တော့ကို ကျွန်တော်တောင် မသိလိုက်ပဲ ကျွန်တော့ရဲ့ ပေါက္ခရ၀ဿမိုးတွေ ရွာဖို့ အုံ့ဆိုင်းလာတာကတော့ Convocation တက်ဖို့ ရန်ကုန်ကနေ ကျွန်တော်အရမ်းချစ်ရတဲ့ မြို့လေး မန္တလေးကို အပြန်ရထားပေါ်မှာ စခဲ့တယ်…

မိုးတွေစရွာတာကတော့ ၂၀၀၆ ဖေဖော်ဝါရီ မှာ စတော့တာပါပဲ…ကျွန်တော့ ဘ၀တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင်ကို ရွာတော့တာ…ရက်ရက်စက်စက်ကို ရွာတာ….ဒါပေမယ့် ကျွန်တော့ရဲ့ ပေါက္ခရ၀ဿမိုး ဟာ စွန့်ပစ်ခံခဲ့ရတယ်…ကျွန်တော် ဆောက်တည်ရာ မရအောင်ကို ဖြစ်ခဲ့ရတယ်…မေ့မေ့ပျောက်ပျောက်နေတတ်တဲ့ မလွမ်းတတ်တဲ့ ကျွန်တော့ရဲ့ အကျင့်တွေ ပျောက်ကွယ်စ ပြုလာပြီဆိုတာ သတိထားမိလာတယ်…မိုးတွေတိတ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်…မရခဲ့ဘူး…ဒီတော့ တိတ်တိတ်လေးပဲ ရွာနေလိုက်တော့တယ်….နောက်ကွယ်မှာတော့ ရွာနေတုန်းပါပဲ…ကျွန်တော့ရဲ့ ပေါက္ခရ၀ဿမိုးလေးကိုခုတော့ အသိအမှတ်ပြုခွင့် ကျွန်တော်ရခဲ့ပါပြီ…..ဒါပေမယ့် ကျွန်တော် အလွန်ဝေးတဲ့ နေရာမှာ ရှင်သန်နေရတယ်….ကျွန်တော်လွမ်းတတ်လာပါပြီ….ကျွန်တော် မျက်ရည်ကျအောင်ကို လွမ်းတတ်နေပါပြီ…နောက်ထပ်ကျွန်တော့ကို ခံစားစေတာက….

ကျွန်တော်ခု ကျွန်တော်အရမ်းချစ်တဲ့ မိသားစု, ကျွန်တော့ကို အစစအရာရာ နားလည်ပေးတဲ့ , ကျွန်တော့အတွက် ပေါက္ခရ၀ဿမိုးတွေ ပြန်ရွာပေးသောသူ တို့နဲ့ အဝေးမှာ…ကျွန်တော် Singapore ရောက်ပြီး ဆယ်ရက်အကြာမှာ အလုပ်ရတယ်…ခုတော့ ဒီအလုပ်က ကျွန်တော့ ဘ၀ပေါ့…ကျွန်တော့ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့ သူကတော့ ဒေးဗစ်…ဗီယက်နမ်လူမျိုး...အသက်သုံးဆယ်ကျော်…Company မှာဝန်ထမ်းက ၅၀ ကျော်လောက်ရှိတယ်…ကျွန်တော်ကြောက်ပြီး Copierတောင်မသုံးတတ်တော့…ကျွန်တော့ကို Copy ကူးနည်းကအစ စာရွက်လေးနဲ့ ရေးပေးရှာတယ်…အစစ အရာရာ ကျွန်တော့ကို ဂရုစိုက်ရှုာတယ်…သူရဲ့မျက်နှာမှာ ကျွန်တော့ကို တိုးတက်စေချင်တဲ့ အရိပ်အယောင်တွေကို ကျွန်တော်မြင်နေရတယ်…သူက ကျွန်တော့ကို Young Bro လို့ခေါ်တယ်…ကျွန်တော် သူ့ဆီကနေ နွေးထွေးမှုကို ခံစားရတယ်…တနည်းပြောရရင် သူ့ရဲ့ ကျွန်တော်အပေါ်ရွာတဲ့ ပေါက္ခရ၀ဿမိုး ပေါ့…ကျွန်တော်က Monday, Wednesday and Friday ကို Customer site သွားရတယ်…အဲဒီနေ့တွေဆို နေ့လည်စာစားရင် ကျွန်တော် တစ်ယောက်တည်း…သူအလုပ်မများရင်တော့ ကျွန်တော့ကို နေ့လည်စာစားချိန်ရောက်ပြီလို့ ဖုန်းဆက်ရှာတယ်…ကျွန်တော် Company မှာရှိတဲ့ အချိန်က Tuesday and Thursday…အဲဒီနေ့တွေဆိုရင်တော့ Lunch Time ဆိုရင်တော့ ကျွန်တော်သူ့နဲ့ ထမင်းတူတူသွားစားတယ်…တခါတလေသူက Overseas Business Trip သွားလေ့ရှိတော့ မတွေ့ဖြစ်တာက များသည်…သို့သော် ထမင်းတူတူစားရင် သူအမြဲ ပြောတတ်တာက စားလို့ကောင်းရဲ့လားလို့ ပြောလေ့ရှိတယ်…သမန်ကာရှန်ကာပြောတာမဟုတ်…ပြီးတော့ ဘ၀မှာ ဘယ်လိုနေရမယ်ဆိုတာတွေရော, အလုပ်နဲ့ပက်သက်တာတွေပါ သင်ပေးလေ့ရှိတယ်…ကျွန်တော့ ညီ Singaporeရောက်လို့အလုပ်ရှာနေတာသိတော့ သူ့သူငယ်ချင်းကို ပြောပေးသေးတယ်…ကျွန်တော်က သောကြာနေ့ဆို Customer site မှာဆိုတော့ ရုံးဆင်းရင် Company က လူတွေနဲ့ မတွေ့ဖြစ်ဘူးလေ…ဒီတော့ ကျွန်တော်က ကျွန်တော့ Manager နဲ့ Department ကလူတွေကို SMS ပို့ပြီး ပျော်ရွှင်ဖွယ်ရုံးပိတ်ရက်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလေ့ရှိတယ်…ကျွန်တော် Message ကို ဘယ်တော့မှ Save လုပ်ပြီး တစ်ခါတည်း အားလုံးဆီ မပို့…တစ်ယောက်ချင်းဆီကို သေသေချာချာ လေးလေးစားစားနဲ့ ရိုက်ပြီးမှ ပို့သည်…တစ်ချို့လည်း အလုပ်များတော့ Reply မပြန်နိုင်ကြဘူးလေ…ဒေးဗစ်ဆီကတော့ Reply Message အမြဲပြန်လာတယ်…ဒီနေ့တော့ သူဖုန်းပြန်ဆက်လာတယ်…ကျွန်တော့ကို ပြန်ဆုတောင်းပေးတယ်…သူဟာ ကျွန်တော်လေးစားရတဲ့ သူတစ်ယောက်ဖြစ်သလို ချစ်ဖို့ကောင်းတဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတယ်လေ…ကျွန်တော့ရဲ့ နောက်ဆုံးဆန္ဒကလည်း နွေးထွေးတဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ပဲလေ…ခုတော့ ကျွန်တော့ ဖေဖေ,မေမေ နဲ့ ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော့်ကို လွမ်းတတ်စေတဲ့ သူတို့ပေးတဲ့ unconditional love တွေနဲ့ ကျွန်တော် မနက်ဖြန်များစွာကို ဖြတ်သန်းရဦးမယ်လေ…ကျွန်တော့ ရင်ထဲမှာ အကြီးအကျယ် မိုးတွေရွာတာကတော့ ဒါနဲ့ဆိုရင် ဒုတိယအကြိမ်ပေါ့…လွမ်းတတ်သေးသည်…တွေးမိရင်းက ပြုံးရင်းနဲ့ မျက်ရည်များကျလာသည်… “ပေါက္ခရ၀ဿမိုး” တွေရွာနေပြီ ကျွန်တော့ရင်ထဲမှာ…သေချာပါသည်..ဘယ်တော့မှ တိတ်မှာ မဟုတ်တော့…အားလုံးမှာလည်း ကိုယ်စီကိုယ်စီ ပေါက္ခရ၀ဿမိုးတွေရွာနေကြရောပေါ့…


11 Comments:

YE MYANMAR AUNG said...

Kiss the rain အတွက် ကျေးဇူးပါ..Piano Mood တွေဆို Like လို့.
စိုင်းလင်းသူတို့များ နေရာပေါင်းစုံ ကျွမ်းတယ်။ ရေးတတ်တာ လွန်ရောပဲ.
မိုးမိပြီး ဖျားဦးမယ်. Take care..

Sai Linn Thu said...

ကျွန်တော် နှစ်သက်တဲ့ Piano songs လေးတွေက Yiruma ရဲ့ Kiss The Rain, River Flows In You, May be နဲ့ Love Me ဆိုတဲ့ သီချင်းလေးတွေပါ…Yiruma က Korea က…YouTube မှာ ရှာလို့ရပါတယ်…ကျွန်တော်က MP3 Format နဲ့လိုချင်တယ်…ခရီးတွေဘာတွေ သွားရင်နားထောင်လို့ အရမ်းကိုကောင်းတယ်လေ…

CMS said...

ငါ့ကောင် .. စာရေးကောင်းမှန်း အခုမှ သိတယ်။ ဝေါမိသောဖော :D

YE MYANMAR AUNG said...

ကိုယ့် Blog မှာတော့ BG sound အဖြစ် Yanni ရဲ့ Play Time ဆိုတာလေး ထည့်ထားပါတယ်။ IE နဲ့ ဖွင့်မှ ကြားရလိမ့်မယ်။ Multi browser Compatible ဖြစ်အောင်တော့ နောက်မှပဲ လုပ်လိုက်တော့မယ်..
ဖျားနေပြီဆိုရင် ကောင်မလေးကို ခေါ်လိုက်လေ..
ဆေးတိုက်ပါလို့..

Sai Linn Thu said...

သူကအလိုလိုသိနေတတ်တယ်..ဒါကြောင့်လည်း မလွမ်းတတ်တဲ့ ကျွန်တော် ပြောင်းလဲသွားတာပေါ့.. :)

ahmeisoekyi said...

ချစမ်းပါ အားရပါးရ ... စိုင်းလင်းသူရာ.. ခုမှနင့်ပိုစ့်ကို အားရပါးရ ဖတ်ရတာ.. ဒွတ်..ဒွတ်

ပေါက်ပေါက်ဆုပ် said...

စိုင်းလင်းသူ ရေးထားတာကမိုက်ဒလယ်တွာ စာရေးဆရာဂျီးကျနေရာပဲ

Myo Kyaw Htun said...

ဟိုက် ငါ့ကောင် ဒီလောက်ရေးတတ်မှန်း ငါမသိဘူးကွာ.... ရေလည်ခိုက်တယ်

နှစ်ကူး said...

အဟ.. စိုင်းလင်းသူ... ရေးချက်ကတော့ အပျံစားပဲ... ဂွတ်..ထ..ဂွတ်..ထ.. :P

SWAN said...

အောင်မလေး...နဂိုကမှ ငိုချင်ရလက်တို့ ဖြစ်နေပါတယ်ဆိုမှ...

Khant Gyi said...

Great Post bro, Now I believe how u write. Like u said words from your heart not from your hands.
This post make me ,miss my family. ^___^